
ပရိုဂရမ်းမင်း (Programming) လို့ခေါ်တဲ့ ဘာသာရပ်ကို လွယ်တယ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် အခက်ကြီးလို့လည်း မဆိုနိုင်ဘူး။ လွယ်ကူစွာလေ့လာနိုင်ဖို့ဆိုတာ နည်းသိရင်ရပါတယ်။ မြန်မာတွေဆိုလေ့ ရှိပါတယ်။ ဆရာမပြရင် ငပိဖုတ်တာတောင် နည်းမကျဘူးဆိုတာတော့ အမှန်ပဲ။ တကယ်တော့ “နည်း” ဆိုတာ “KEY” ပါပဲ။ အဲဒီ ကီးလေးကို တစ်ချက်တည်းသိလိုက်တာနဲ့ အားလုံးအဆင်ပြေစွာ လိုက်လုပ် နိုင်ပါလိမ့်မယ်။
ပညာရေးကို ဘယ်အချိန်မှာ စသင်သင့်သလဲဆိုတဲ့ မေးခွန်းကို အစဉ်အလာအတိုင်း ပြောရရင် အသက် ၅ နှစ်နဲ့ ၆ နှစ်လို့ဖြေကြမှာပဲ။




